၂၀၂၅ ဇူလိုင် နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ကုန်နှင့် ရေချိုပုဇွန်ထုပ် တစ်ပိဿာပေါက်ဈေးနှုန်းမှာ ငါးဒန် ၈၈၀၀ ကျပ်၊ ငါးခုံးမ ၇၇၀၀ ကျပ်၊ ငါးကြင်း ၁၀၅၀၀ ကျပ်၊ တီလားဗီးယား ၁၅၅၀၀ ကျပ်၊ ပလာတူး ၉၂၀၀ ကျပ်၊ ပလာလန်း ၁၅၅၀၀ ကျပ်၊ ရွှေငါး ၉၅၀၀ ကျပ်၊ ငါးနှပ် ၄၂၀၀ ကျပ်၊ ငါးကွန်းရှပ် ၁၄၈၀၀ ကျပ်၊ ငါးရွေးကြီး ၁၅၇၀၀ ကျပ်၊ ငါးပျက် ၁၀၀၀၀ ကျပ်၊ ရေချို ပုဇွန်ထုပ်(စိမ်း) အကြီး ၉၃၀၀၀ ကျပ်၊ အလတ် ၈၅၀၀၀ ကျပ်၊ အငယ် ၆၂၀၀၀ ကျပ် အသီးသီး ဖြစ်ပေါ်နေသည်။
ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရေထွက်ကုန်နှင့်ရေချိုပုစွန်ထုပ်များ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ဇူလိုင်ပထမပတ်နှင့် နှိုင်းယှဉ်ပါက ရေထွက်ကုန်အချို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပြီး ရေချိုပုဇွန်ထုပ်ဈေးနှုန်း မပြောင်းလဲကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး